House With A Nice View (2012)

House With A Nice View (2012)
(unicode)
အိမ်ခြံမြေလောကမှာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ မမတစ်ယောက်အောင်မြင်ဆိုသူ့ရဲ့ မားကတ်တင်းစနစ်က အရမ်းကောင်းတယ်ဒါပေမဲ့ သူက အချစ်ရေးမှာတော့ ခပ်ပေါ့ပေါ့မိန်းမသားပါအချစ်ဆိုတာကို ဟာသတစ်ခုလို့ထင်နေသူအချစ်ကြောင်းပြောရင် သူလက်သည်းနီ အရောင်လောက်တောင်စိတ်မဝင်စား သူ့ကို ကြိုက်လွန်းလို့ အသည်းသန်လိုချင်နေသူသာမောသွားမယ်သူကတော့အရေးမလုပ်တက်သူရိုင်းရိုင်းနှိုင်းရရင် စားဆော်ကြီးဗျသူနဲ့ဆန့်ကျင်ဖက် ဝန်ထမ်းတစ်ယောက်ရှိနေပြန်ပါတယ်မီယာ သူကတော့ အခုမှကုမ္ပဏီကိုစဝင်လာတဲ့ အရောင်းဝန်ထမ်းမလေးသူကျတော့ အချစ်ကို ဘုရားတစ်ဆူလို ကိုးကွယ်နေသူအချစ်ကြောင်းပြောရရင် ထမင်းမေ့ဟင်းမေ့ပြောရရင် ဘာမှမသိပဲနဲ့ စာတိုလေးတစ်ဆောင်ရရင်တောင်ရင်ခုန်နေသူသူတို့နှဦးရဲ့ အချစ်ပေါ် ခံယူတက်ခြင်းမတူတာလေးတွေကိုဇတ်ကွက်များစွာဖန်တီးပြီးတော့ အသက်သွင်းထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်အချစ်ကို ခံယူချက်ချင်းမတူသူနှယောက် အချစ်ကိုဘယ်လိုဘယ်ပုံတွေ့ရှိမှာလဲတချို့က အချစ်ဆိုတာ အနားမှာရှိပေမဲ့ တန်ဖိုးမထားတက်တာမျိုးတချို့က အချစ်ကို တကူးတကရှာဖွေနေတာမျိုးဘယ်လိုပဲတွေ့ရှိပါစေ တန်ဖိုးထားတက်ဖို့ မီးမောင်းထိုးပြတဲ့ကားကောင်းလေးပါပဲအိမ်ခြံမြေအကျိုး‌ဆောင်က ဘယ်လောက် ဝန်ဆောင်မှုကောင်းသလဲဆိုရင်ကုတင် ငြိမ့်ညောင်းတာကို လက်တွေ့စမ်းသပ်ပြတာတွေပါနေတော့မိသားစုနဲ့ အတူမကြည့်ဖို့ သတိ အထူးပေးလိုပါတယ်


(Zawgyi)