(unicode)
The Handmaiden မြန်မာစာတန်းထိုး
မနေ့က ရုပ်ရှင်ကား တစ်ကားကြည့်တယ်။ The Handmaiden တဲ့…IMDb မှာ rating 8.1 ရထားတဲ့ ဇာတ်ကား တစ်ခုပေါ့။ ကိုရီးယားနိုင်ငံရဲ့ ဗစ်တိုးရီးယားခေတ် ဂျပန်ကိုလိုနီကာလကို အခြေပြုပြီး တည်ထားတဲ့ ဇာတ်လမ်းပဲ။ စာရေးဆရာမ Sarah Waters ရဲ့ Fingersmith ဆိုတဲ့ ဝတ္ထုကို အခြေခံပြီး တည်ဆောက်ထားတဲ့ ဇာတ်ကား။ ကိုရီးယားဒါရိုက်တာ Park Chan Wook က ရိုက်ထားပြီး အဲ့ဒီဇာတ်ကားနဲ့ ဆုတွေအများကြီးရခဲ့ကြတယ်။ 8.8 millions သုံးခဲ့ပြီး box office မှာတော့ 38.6 millions လောက် ပြန်ရခဲ့တဲ့ ဇာတ်လမ်းပေါ့။
လူလိမ် မြို့စားမင်း Fujiwara ဟာ သိပ်ပြီးချမ်းသာတဲ့ မိဘမဲ့အမျိုးသမီးလေး Hideko ကို လက်ထပ်ယူဖို့ ကြိုးစားနေတယ်။ သူ့ကို လက်ထပ်ချင်လာအောင် သွေးဆောင်ဖျားယောင်းပေးဖို့ Sook Hee ဆိုတဲ့ ပစ္စည်းအတုလုပ်ကျွမ်းကျင်တဲ့ လူလိမ်မိသားစုက ကောင်မလေးကို အိမ်ဖော်အဖြစ် Hideko အနားကို ပို့ခဲ့တယ်။Hideko ဟာ ဂေးရှားမယ် တစ်ယောက်လို ပုံသွင်းခံထားရတဲ့သူ။
လိင်အာသီသတွေ တလှိုက်လှိုက် တစ်လွှာချင်းပွင့်ထွက်လာဖို့ ဖျော်ဖြေပေးရတဲ့ Entertainer .. ။ တစ်ခုပဲ … သူ ဘာကိုမှ ဖော်ချွတ်နေစရာ မလိုအပ်ဘဲ ရှေးဟောင်းစာအုပ်တွေကို ဖတ်ပြရုံပဲ။ သူ့ကို ထိန်းချုပ်ထားခဲ့တာက သူ့ ဦးလေး။ သိမ်မွေ့တယ်၊ နူးညံ့တယ်၊ ဖြူဖြူနွဲနွဲ့ Hideko ရဲ့အတွင်းစိတ်…သူတကယ်ရော သူ့အပြင်ပုံပန်းသဏ္ဍာန်ကလေးလို သူ့စိတ်၊ သူ့နှလုံးသားက လီလီပန်းပွင့်ကလေးနဲ့ တူရဲ့လား။ Sook Hee ကရော မြို့စားမင်းကို လက်ထပ်ချင်လာအောင် တကယ်ပဲ သိမ်းသွင်းနိုင်ခဲ့ပါ့မလား။
ချစ်ခြင်းမေတ္တာနဲ့ လိင်စိတ်ဆိုတာ အမျိုးသားနဲ့ အမျိုးသမီးမှာပဲ သီးသန့်ဖြစ်တည်နိုင်တာလား။ မိန်းကလေးချင်းရော ချစ်လို့မရဘူးလား။ သူတို့နှစ်ယောက်ကို ခွဲမယ့် Hideko ဦးလေးနဲ့ Fujiwara လက်ကရော သူတို့ လွတ်ပါ့မလား။ အလိမ်အညာနဲ့ တည်ဆောက်ထားတဲ့၊ တည်ဆောက်တော့မယ့် ဘဝထဲကနေ မာယာနဲ့ ဘယ်လိုပြန်ရုန်းထွက်မလဲ။ ဒီဇာတ်လမ်းဟာ IMDb rating 8.1 ရနေတာဟာ အဆန်းတော့ မဟုတ်ဘူး။ မိန်းမမာယာဆိုတာသွားရှုပ်လို့တော့ မရဘူးပဲ…

(zawgyi)
The Handmaiden ျမန္မာစာတန္းထိုး
မေန႕က ႐ုပ္ရွင္ကား တစ္ကားၾကည့္တယ္။ The Handmaiden တဲ့…IMDb မွာ rating 8.1 ရထားတဲ့ ဇာတ္ကား တစ္ခုေပါ့။ ကိုရီးယားနိုင္ငံရဲ႕ ဗစ္တိုးရီးယားေခတ္ ဂ်ပန္ကိုလိုနီကာလကို အေျချပဳၿပီး တည္ထားတဲ့ ဇာတ္လမ္းပဲ။ စာေရးဆရာမ Sarah Waters ရဲ႕ Fingersmith ဆိုတဲ့ ဝတၳဳကို အေျခခံၿပီး တည္ေဆာက္ထားတဲ့ ဇာတ္ကား။ ကိုရီးယားဒါရိုက္တာ Park Chan Wook က ရိုက္ထားၿပီး အဲ့ဒီဇာတ္ကားနဲ႕ ဆုေတြအမ်ားႀကီးရခဲ့ၾကတယ္။ 8.8 millions သုံးခဲ့ၿပီး box office မွာေတာ့ 38.6 millions ေလာက္ ျပန္ရခဲ့တဲ့ ဇာတ္လမ္းေပါ့။
လူလိမ္ ၿမိဳ႕စားမင္း Fujiwara ဟာ သိပ္ၿပီးခ်မ္းသာတဲ့ မိဘမဲ့အမ်ိဳးသမီးေလး Hideko ကို လက္ထပ္ယူဖို႔ ႀကိဳးစားေနတယ္။ သူ႕ကို လက္ထပ္ခ်င္လာေအာင္ ေသြးေဆာင္ဖ်ားေယာင္းေပးဖို႔ Sook Hee ဆိုတဲ့ ပစၥည္းအတုလုပ္ကြၽမ္းက်င္တဲ့ လူလိမ္မိသားစုက ေကာင္မေလးကို အိမ္ေဖာ္အျဖစ္ Hideko အနားကို ပို႔ခဲ့တယ္။Hideko ဟာ ေဂးရွားမယ္ တစ္ေယာက္လို ပုံသြင္းခံထားရတဲ့သူ။
လိင္အာသီသေတြ တလွိုက္လွိုက္ တစ္လႊာခ်င္းပြင့္ထြက္လာဖို႔ ေဖ်ာ္ေျဖေပးရတဲ့ Entertainer .. ။ တစ္ခုပဲ … သူ ဘာကိုမွ ေဖာ္ခြၽတ္ေနစရာ မလိုအပ္ဘဲ ေရွးေဟာင္းစာအုပ္ေတြကို ဖတ္ျပ႐ုံပဲ။ သူ႕ကို ထိန္းခ်ဳပ္ထားခဲ့တာက သူ႕ ဦးေလး။ သိမ္ေမြ႕တယ္၊ ႏူးညံ့တယ္၊ ျဖဴျဖဴႏြဲႏြဲ႕ Hideko ရဲ႕အတြင္းစိတ္…သူတကယ္ေရာ သူ႕အျပင္ပုံပန္းသ႑ာန္ကေလးလို သူ႕စိတ္၊ သူ႕ႏွလုံးသားက လီလီပန္းပြင့္ကေလးနဲ႕ တူရဲ႕လား။ Sook Hee ကေရာ ၿမိဳ႕စားမင္းကို လက္ထပ္ခ်င္လာေအာင္ တကယ္ပဲ သိမ္းသြင္းနိုင္ခဲ့ပါ့မလား။
ခ်စ္ျခင္းေမတၱာနဲ႕ လိင္စိတ္ဆိုတာ အမ်ိဳးသားနဲ႕ အမ်ိဳးသမီးမွာပဲ သီးသန႔္ျဖစ္တည္နိုင္တာလား။ မိန္းကေလးခ်င္းေရာ ခ်စ္လို႔မရဘူးလား။ သူတို႔ႏွစ္ေယာက္ကို ခြဲမယ့္ Hideko ဦးေလးနဲ႕ Fujiwara လက္ကေရာ သူတို႔ လြတ္ပါ့မလား။ အလိမ္အညာနဲ႕ တည္ေဆာက္ထားတဲ့၊ တည္ေဆာက္ေတာ့မယ့္ ဘဝထဲကေန မာယာနဲ႕ ဘယ္လိုျပန္႐ုန္းထြက္မလဲ။ ဒီဇာတ္လမ္းဟာ IMDb rating 8.1 ရေနတာဟာ အဆန္းေတာ့ မဟုတ္ဘူး။ မိန္းမမာယာဆိုတာသြားရႈပ္လို႔ေတာ့ မရဘူးပဲ…


(Ouo)
Link -https://ouo.io/ed1zX2



(Ylink)
Link - https://paypou.com/GM2A



(Bcvc)
Link - http://bc.vc/2bSpJAh



(Mkvlink)
Link - https://mkvlinks.xyz/YPY7RCt5







ဒေါင်​းနည်​း