(unicode)
ပုရိသအပေါင်းတို့ အကြိမ်ကြိမ်ကြွေခဲ့ရသော Malena ဇာတ်ကားထဲက မမကြီး Monica Bellucci ကို အမှတ်ရကြဦးမလား….ဒီဇာတ်ကားမှာလဲ မမကြီးဟာ ကျွန်တော်တို့ကို အကြိမ်ကြိမ်ထပ်ခြွေဦးမှပြါ…သိဘို့။မမရဲ့ဖြစ်တည်မှုတွေက ပြင်းရှတဲ့ နှစ်ချို့ဝိုင်တစ်ခွက်လို …။ဇာတ်လမ်းကိုသွားရမယ်ဆိုရင်တော့ဖြင့်….ဖရန်ဆွာ့ဇ်ဟာ ဟာ အထီးကျန်ဘဝနဲ့ သူ့ရဲ့ ပျင်းရိစရာ ရုပ်အလုပ်တို့ကို ငြီးငွေ့နေတဲ့ ပြင်သစ်သားတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ဘားတစ်ခုကိုသွားရင်း လှပတဲ့ မိန်းမပျက်ကလေးတစ်ဦးဖြစ်တဲ့ ဒင်နီယယ်လာ နဲ့ ဆုံခဲ့တယ်။ မြင်မြင်ချင်း ဒင်နီယယ်လာကိုစွဲလန်းမိရင်းက သူဟာ မီလျံချီ ထီပေါက်ထားတဲ့သူဖြစ်ကြောင်း နဲ့ သူနဲ့ အတူနေမယ်ဆိုရင် တစ်လကို ယူရို ၁၀၀.၀၀၀ ငွေမကုန်မချင်းပေးမယ်လို့ ကမ်းလှမ်းလာတဲ့အခါ ဒင်နီယယ်လာကလဲ သဘောတူခဲ့တယ်။သဘောမတူနိုင်တာကတော့ သူ့ သူငယ်ချင်းလဲဖြစ် သူ့ ဆရာဝန်လဲဖြစ်တဲ့ အန်ဒရေးပါ။ အန်ဒရေးက ဖရန်ဆွာ့ဇ်ရဲ့ နှလုံးအားနည်းရောဂါဟာ ဒီလိုလိင်မှု ကိစ္စတက်ကြွပုံမျိုးနဲ့ သင့်တော်မှာ မဟုတ်ဘူးလို့ သတိပေးပါတယ်။ စားသောက်ဆိုင်မှာ ညစာစားကြရင်း ဒင်နီယယ်လာ အစာအဆိပ်သင့်သလိုဖြစ်တော့ အန်ဒရေးကို လှမ်းခေါ်ခဲ့တယ်။ အခန်းထဲမှာ နှစ်ယောက်တည်း စမ်းသပ်နေရင်း ဒင်နီယယ်လာက အဝတ်အစားချွတ်ပေးရမလားလို့မေးတယ်။ သူက မလိုအပ်ကြောင်းပြောပေမယ့် ဒင်နီယယ်လာက ဇွတ်အဝတ်အစားချွတ်လိုက်ချိန်မှာတော့ ရင်ဖိုလှိုက်မောစရာကောင်းလောက်အောင်လှပတဲ့ သူ့ခန္ဓာကိုယ်ကောက်ကြောင်းရဲ့ဆွဲဆောင်မှုကို မခံနိုင်တော့ပဲ..။လူရိုးလူအေးကြီး တစ်ယောက်ဖြစ်တဲ့ ဖရန်ဆွာ့ဇ်ရဲ့ ဘဝကို ဒင်နီယယ်လာ တစ်ယောက် ဘယ်လိုကမောက်ကမ ကျွမ်းထိုးမှောက်ခုံတွေဖြစ်အောင် မွှေနှောက်မလဲဆိုတာ ဆက်လက်ရှုစားကြပါ။ ဒင်နီယယ်လာ အဖြစ် သရုပ်ဆောင်ထားတဲ့ ကမ္ဘာအလှဆုံး အမျိုးသမီးစာရင်းအကြိမ်ကြိမ်ဝင်ခဲ့တဲ့ မမကြီး Monica Bellucci ရဲ့ မိမွေးတိုင်း ဖမွေးတိုင်း အလှအပတွေနဲ့ကြည့်လို့တန်စေမှာပါ။

    (zawgyi)
ပုရိသအေပါင္းတို႔ အႀကိမ္ႀကိမ္ေႂကြခဲ့ရေသာ Malena ဇာတ္ကားထဲက မမႀကီး Monica Bellucci ကို အမွတ္ရၾကဦးမလား….ဒီဇာတ္ကားမွာလဲ မမႀကီးဟာ ကြၽန္ေတာ္တို႔ကို အႀကိမ္ႀကိမ္ထပ္ေႁခြဦးမွျပါ…သိဘို႔။မမရဲ႕ျဖစ္တည္မႈေတြက ျပင္းရွတဲ့ ႏွစ္ခ်ိဳ႕ဝိုင္တစ္ခြက္လို …။ဇာတ္လမ္းကိုသြားရမယ္ဆိုရင္ေတာ့ျဖင့္….ဖရန္ဆြာ့ဇ္ဟာ ဟာ အထီးက်န္ဘဝနဲ႕ သူ႕ရဲ႕ ပ်င္းရိစရာ ႐ုပ္အလုပ္တို႔ကို ၿငီးေငြ႕ေနတဲ့ ျပင္သစ္သားတစ္ေယာက္ျဖစ္ပါတယ္။ တစ္ေန႕မွာေတာ့ ဘားတစ္ခုကိုသြားရင္း လွပတဲ့ မိန္းမပ်က္ကေလးတစ္ဦးျဖစ္တဲ့ ဒင္နီယယ္လာ နဲ႕ ဆုံခဲ့တယ္။ ျမင္ျမင္ခ်င္း ဒင္နီယယ္လာကိုစြဲလန္းမိရင္းက သူဟာ မီလ်ံခ်ီ ထီေပါက္ထားတဲ့သူျဖစ္ေၾကာင္း နဲ႕ သူနဲ႕ အတူေနမယ္ဆိုရင္ တစ္လကို ယူရို ၁၀၀.၀၀၀ ေငြမကုန္မခ်င္းေပးမယ္လို႔ ကမ္းလွမ္းလာတဲ့အခါ ဒင္နီယယ္လာကလဲ သေဘာတူခဲ့တယ္။သေဘာမတူနိုင္တာကေတာ့ သူ႕ သူငယ္ခ်င္းလဲျဖစ္ သူ႕ ဆရာဝန္လဲျဖစ္တဲ့ အန္ဒေရးပါ။ အန္ဒေရးက ဖရန္ဆြာ့ဇ္ရဲ႕ ႏွလုံးအားနည္းေရာဂါဟာ ဒီလိုလိင္မႈ ကိစၥတက္ႂကြပုံမ်ိဳးနဲ႕ သင့္ေတာ္မွာ မဟုတ္ဘူးလို႔ သတိေပးပါတယ္။ စားေသာက္ဆိုင္မွာ ညစာစားၾကရင္း ဒင္နီယယ္လာ အစာအဆိပ္သင့္သလိုျဖစ္ေတာ့ အန္ဒေရးကို လွမ္းေခၚခဲ့တယ္။ အခန္းထဲမွာ ႏွစ္ေယာက္တည္း စမ္းသပ္ေနရင္း ဒင္နီယယ္လာက အဝတ္အစားခြၽတ္ေပးရမလားလို႔ေမးတယ္။ သူက မလိုအပ္ေၾကာင္းေျပာေပမယ့္ ဒင္နီယယ္လာက ဇြတ္အဝတ္အစားခြၽတ္လိုက္ခ်ိန္မွာေတာ့ ရင္ဖိုလွိုက္ေမာစရာေကာင္းေလာက္ေအာင္လွပတဲ့ သူ႕ခႏၶာကိုယ္ေကာက္ေၾကာင္းရဲ႕ဆြဲေဆာင္မႈကို မခံနိုင္ေတာ့ပဲ..။လူရိုးလူေအးႀကီး တစ္ေယာက္ျဖစ္တဲ့ ဖရန္ဆြာ့ဇ္ရဲ႕ ဘဝကို ဒင္နီယယ္လာ တစ္ေယာက္ ဘယ္လိုကေမာက္ကမ ကြၽမ္းထိုးေမွာက္ခုံေတြျဖစ္ေအာင္ ေမႊႏွောက္မလဲဆိုတာ ဆက္လက္ရႈစားၾကပါ။ ဒင္နီယယ္လာ အျဖစ္ သ႐ုပ္ေဆာင္ထားတဲ့ ကမၻာအလွဆုံး အမ်ိဳးသမီးစာရင္းအႀကိမ္ႀကိမ္ဝင္ခဲ့တဲ့ မမႀကီး Monica Bellucci ရဲ႕ မိေမြးတိုင္း ဖေမြးတိုင္း အလွအပေတြနဲ႕ၾကည့္လို႔တန္ေစမွာပါ။



Credit -

(Gplink)
Link - https://gplinks.co/fe0gU


Gplink ေဒါင္းနည္း
👇👇👇👇👇👇👇
https://youtu.be/COplGg3kC3U




mkvlink ေဒါင္းနည္း
👇👇👇👇👇👇👇👇
https://youtu.be/uGHsToA8boM