(unicode)
Hot Girls Wanted 2015
၁၈နှစ်၊၁၉နှစ် ဆိုတဲ့အရွယ်ဟာ ရင့်ကျက်ပြီလို့ ခေါ်နိုင်မလား။ အမှားတွေ မလုပ်မိဘူးလို့ရော ပြောနိုင်မလား။ အရွယ်နဲ့မမျှတဲ့ အောင်မြင်မှုမျိုးနဲ့ ဝင်ငွေမျိုး လိုချင်ကြတဲ့ ဆယ်ကျော်သက်လေးတွေဟာ လမ်းမှားရောက်ဖို့ ပိုလွယ်တတ်တယ်လို့
လက်ခံထား ကြပါတယ်။ သူတို့တွေဟာ ငယ်ရွယ်ကြတယ်။ ဘဝအတွေ့အကြုံ နုနယ်သေးတယ် ။ အဲ့လိုအချိန်မှာ ပိုးဖလံကောင်လေးတွေလိုပဲ မီးအလင်းရောင်နောက်ကို အာသာငမ်းငမ်းလိုက်ကြပါတော့တယ်။ လောဘဆိုတဲ့ မီးအလင်းရောင်နောက်ကို မဆင်မခြင်လိုက်မိရင်တော့ မီးလုံးဘေးနားက အသာထိုင်စောင့်နေတဲ့ အိမ်မြှောင်ကြီးတွေရဲ့ ကျွတ်ကျွတ်မြည်အောင် ဝါးစားခြင်းကို ခံရပါလိမ့်မယ်။
ဒီdocumentary ထဲမှာတော့ ၁၈နှစ် ၁၉နှစ် အရွယ်ငယ်ငယ်ရွယ်ရွယ်နဲ့ဖြတ်လမ်းက အောင်မြင်ချင်တဲ့ မိန်းကလေးတွေ လမ်းမှားရောက်ပြီး ဒုက္ခရောက်ကြပုံတွေကို ရိုက်ကူးပြထားပါတယ်။ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်လို့ ကိုယ်မသိ
သေးတဲ့ အပြာဇာတ်ကားတွေရဲ့နောက်ကွယ်က အမှန်တရားတွေကို ဂရုဏာသက်ဖွယ် တွေ့မြင်ရမှာ ဖြစ်ပါတယ်။အပြာမင်းသမီးလုပ်ဖို့ လမ်းကြောင်းကို ရွေးချယ်ကြတဲ့ မိန်းကလေးတွေကို “မိုက်မဲလိုက်တာ” “ပိုက်ဆံမက်လိုက်တာ” ဆိုပြီး ကဲ့ရဲ့အပြစ်တင်စရာတွေရှိနေသလို မထင်မှတ်မိတဲ့ချီးကျူ းစရာတွေလည်း ရှိနေပါသေးတယ်။ အသက် ၁၉နှစ်အရွယ်မှာ အိမ်ကနေထွက်သွားပြီး အန္တရာယ်များတဲ့အပြင်လောကမှာ ကြိုးစားရုန်းကန်ရဲတဲ့ သတ္တိပြင်းတဲ့စိတ်ဓာတ်ဟာ
အသိအမှတ်ပြုသင့်တဲ့ ချီးကျူ းစရာကိစ္စတစ်ခုပါ။ နောက် ဒုတိယအချက်ကတော့ ကိုယ်လျှောက်လှမ်းမိတဲ့ လမ်းကြောင်းဟာ ဆူးညှောင့်ခလုတ်တွေအပြည့်နဲ့ အများပြစ်တင်ကဲ့ရဲ့စရာဖြစ်နေပေမယ့် ကိုယ့်ယုံကြည်ရာ ကိုယ့်ခံယူချက်ကို
ပြီးမြောက်အောင်မြင်အောင်လုပ်မယ်ဆိုတဲ့ ဇွဲအပြည့်နဲ့ စိတ်ဓာတ်ကိုပါပဲ။ဟုတ်ပါတယ် ဒီ documentary လေးဟာ လမ်းမှားရောက်မှု၊ငွေမက်မှု၊မရင့်ကျက်မှု ၊သတ္တိရှိမှု ၊ဇွဲရှိမှု၊ စွန့်လွှတ်စွန့်စားရဲမှု၊ အမှန်ကိုလက်ခံနိုင်မှုစတဲ့ ကဲ့ရဲ့အပြစ်တင်စရာတွေကော ချီးကျူးစရာတွေပါ ရောပြွန်းနေတဲ့ အတွေးအမြင် ရသတွေကို အများကြီးပေးစွမ်းပါလိမ့်မယ်။ပွင့်ပွင့်လင်းလင်းရိုက်ကူးထားလို့ မိသားစုနဲ့မကြည့်သင့်တဲ့ 18+ ဇာတ်ကားပါ။
(zawgyi)
Hot Girls Wanted 2015
File size - 755MB
(Gplink)
Link - https://gplinks.co/R9JeP
(Mkvlink)
Link - https://mkvlinks.xyz/YYO2
(Ouo)
Link - https://ouo.io/ENZuYi
Gplink ဒေါင်းနည်း
👇👇👇👇👇👇👇